
၏ကိုယ်ရေးဖိုင် စာမျက်နှာ
Kristen Stewart သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့ဆမ်လ်ဂျလစ်လ် မြို့ တွင် ၁၉၉၀ ဧပြီလ (၉) ရက်နေ့ တွင် ဖခင် .John Stewart နဲ့  မိခင် Jules Mann-Stewart တို့ မှ မွေးဖွားခဲ့သူ ဖြစ်သည်။
သူမ၏ ဖခင်သည် American နိုင်ငံရဲ့  TV Channel တစ်ခုဖြစ်တဲ့ FOX ကုမ္ပဏီတွင် stage manager နှင့် TV ရိုက်ကူးရေးတွင် ထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။ မိခင်သည်လည်း Los Angles မြို့ တွင် ရှပ်ရှင်ဇာတ်ညွန်း အကြံပေး အနေဖြင့် လုပ်ကိုင်နေပြီး .. Kristen Stewart တွင် အကို (၁) ယောက် နှင့် မွေးစား အကို (၂) ယောက် ရှိသည်။ သူမ (၈) နှစ် အရွယ်တွင် Christmas ကျောင်းကပွဲ တွင် ပါဝင် ကပြပြီးချိန်မှ စ၍ ၊ သရုပ်ဆောင် ခြင်းကို အသက်မွေးဝမ်းကျောင်း အနေဖြင့် စတင်ခဲ့သည်။
အသက် (၁၂) နှစ် အရွယ်တွင် မင်းသမီး Jodie Foster ရဲ့  သမီး အနေဖြင့် (Panic Room) ဇာတ်ကားတွင် ကလေးသရုပ်ဆောင်အနေဖြင့် (၂၀၀၂) ခုနှစ်တွင် ပါဝင်ခဲ့သည်။ (၂၀၀၈) ခုနှစ်တွင် ပြသခဲ့သော Twilight ဇာတ်ကားဖြင့် လူသိများလာပြီး ..ယခုအချိန်တွင် လူထုကရွေးချယ်ပေးခဲ့သော အသက် (၃၀) နှစ်အောက် အဆွဲဆောင်နိုင်သော အမျိုးသမီး စာရင်းတွင်လည်း နံပါတ် (၁) အနေဖြင့် (၂၀၁၀) ခုနှစ်တွင် ရရှိခဲ့သည်၊။ ထို့ အတူ ၂၀၀၉ ခုနှစ်တွင်ပြသပြီးခဲ့သော The Twilight Saga:( New Moon) ဇာတ်ကားဖြင့်လည်း MTV ဆုပေးပွဲတွင်လည်း အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ကိုလည်း ရရှိခဲ့သူဖြစ်ပြီး..Twilight တွင် ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသား Robert Pattinson နှင့် ချစ်သူ ဖြစ်နေကြောင်း ပရိတ်သတ်များကို အသိပေးပြီး ဖြစ်သည်.
Comments
Posted On
Jul 25, 2010Posted By
memielayRSS feed for comments to this post.