
၏ကိုယ်ရေးဖိုင် စာမျက်နှာ
Russell Crowe သည် New Zealand နိုင်ငံ Wellington မြို့ တွင် ၁၉၆၄ ဧပြီလ ၇ ရက်နေ့ တွင် မွေးဖွားပြီး ငယ်စဉ်ကလေးဘ၀ ကတည်းကပင် သရုပ်ဆောင်ခြင်းကို စိတ်ဝင်စားခဲ့သည်။ သူသည် ကလေးသရုပ်ဆောင်အနေဖြင့် သြစတြေးရီးယားနိုင်ငံတွင်း ပြသသော တီဗွီစီးရီးလ်ဖြင့် လူကြိုက်များခဲ့သည်။သူသည် Romper Stomper (1992) နှင့် The Sum of Us (1994)ရုပ်ရှင် တို့ ဖြင့် Australia နိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံ တို့ ရဲ့  ရုပ်ရှင်လောကတွင် အခက်အခဲများနှင့်အတူ နာမည်ရခဲ့သည်။ မင်းသမီး ရှယ်ရွန်စတုန်း ကလည်း သူပါဝင်ထားတဲ့ Romper Stomper ဇာတ်ကားမှ တဆင့် သူမ၏ The Quick and the Dead(1995) ရုပ်ရှင်ကား တွင် သရုပ်ဆောင်ရန် စတင်ကမ်းလှမ်းခဲ့သည်။ Russell Crowe သည် ၁၉၉၅ တွင် မင်းသား Denzel Washington နဲ့  ရိုက်ကူးတဲ့  Virtuosity ကားတွင် ရက်စက်ကြမ်းကြုတ်သောလူသတ်သမားအဖြစ် သရုပ်ဆောင်ထားသည်။ ၂၀၀၀ ခုနှစ်တွင်ရိုက်ကူးခဲ့သော Gladiator ရုပ်ရှင်နှင့် ၂၀၀၁ ခုတွင် ရိုက်ကူးခဲ့သော A Beautiful Mind ရုပ်ရှင်ကားများဖြင့် ဆု များရရှိခဲ့ပြီး ယခုချိန်ထိ အောင်မြင်မှုရနေဆဲ ဖြစ်သည်။